မိုးညှင်းမြို့တွင် ၂၀၁၈/၁၉ခု ဘဏ္ဍာရေးနှစ်
အရပ်ရပ်အခွင့်အရေးလိုင်စင်များ ဈေးပြိုင်စနစ်
ဖြင့်လေလံတင်ရောင်းချ
EPN
မိုးညှင်း စက်တင်ဘာ ၇
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုညှင်းမြို့
နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၈/၁၉ ဘဏ္ဍာရေးနှစ်အရပ်ရပ်အခွင့်အရေးလိုင်စင်များ အိတ်ဖွင့်(တင်ဒါ)စနစ်နှင့် ဈေးပြို င်စနစ်ဖြင့်လေ
လံတင်ရောင်းချ ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မိုးညှင်းမြို နယ် စည်ပင်သာယာရုံး၌ကျင်းပပြု လုပ်ခဲ့သည် ။
အခမ်းအနားတွင်မြို့ နယ်စည်ပင်သာယာ
ရေးကော်မတီဥက္ကဌ ဦးသိန်းအောင်ကအမှားစ
ကားပြောကြားပြီး မြို့ နယ်စည်ပင်သာယာရေးအ
ဖွဲ့ အမှု ဆောင်အရာရှိဦးကျော်လင်းက ယမန်
နှစ် မြို့ နယ်စည်ပင်သာယာရေးမှပြု လုပ်သည့် အိတ်ဖွင့်(တင်ဒါ)စနစ်နှင့် ဈေးပြိုင်စနစ်တို့ ဖြင့် လေလံရောင်ချ ခြင်းနှင့်ပါတ်သက်၍ ရှင်းလင်း ပြောကြားပြီးနောက်တက်ရောက်လာကြသော
လိုင်စင်စီများမှမရှင်းလင်းသည့်အချ က်များကို
မေးမြန်းကြရာ တာဝန်ရှိသူများကရှင်းလင်းပြော
ကြားခဲ့ကြသည် ။
ထို့ နောက်မိုးညှင်းမြို့နယ်စည်ပင်သာယာရေး
ကော်မတီပိုင် ၂၀၁၈/၁၉ ဘဏ္ဍာရေးနှစ်အတွက်
အခွင့်အရေးလိုင်စင်များအားလေလံတင်ရောင်းချ
ရာ စုစုပေါင်းလေလံအမျိုးအစားလုပ်ငန်း အိတ်
ပိတ်(၁၄)မျိုး ဈေးပြို င် (၁၂)မျိုးအပါအဝင်စုစု
ပေါင်း(၄၀)မျိုးတို့ ကိုသတ်မှတ်ထား သောစည်း
မျဉ်းစည်းကမ်းများနှင့်အညီစနစ် တကျ စီစစ်ရွေး
ချယ်နိုင်ခဲ့ကြောင်းသိရပေသည် ။
"ဒီကနေ့ စည်ပင်သာယာမှာလုပ်တဲ့အခွင့်အ
ရေးလ်ုင်စင်ကပွင့်လင်းမြင်သာမှု ရှိတဲ့အတွက်
ဘာအခက်အခဲ ဘာပြဿနာမှမရှိဘဲအောင်မြင်
စွာပြီးမြောက်ခဲ့ပါတယ်။လေလံဆွဲတဲ့လုပ်ငန်းရှင်
တွေကလည်းလက်ခံကျေ နပ်ကြတဲ့အတွက်
ဝမ်းသာပီတိဖြစ်ရပါတယ်"ဟုစည်ပင်သာယာ
ရေးအဖွဲ့ မှတာဝန်ရှိသူတဦးကပြောကြားခဲ့ပေ
သည်။
မင်္ဂလာဦး
