"အင်တာနက် ပြတ်လပ်ရင် ဘိန်းစား ဆေးငတ်သလိုပဲတဲ့"
အင်တာနက် သုံးနေကျ အမျိုးသား၊ အမျိုးသမီးတွေမှာ အင်တာနက် မသုံးရတဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် လိုင်းပေါ် မတက်ရတဲ့အခါ အလိုလို စိတ်တိုလာတာ၊ နှလုံးတုန် ရင်ခုန်လာတာတွေ ကြုံရပါသတဲ့။
ပညာရှင်များရဲ့ တွေ့ရှိချက်တွေအရ အင်တာနက် သုံးနေကျအတိုင်း မသုံးရတဲ့အခါ -
● စိတ်ဖိစီးလာတယ်။
● ရင်တုန်လာတယ်။
● နေလို့မကောင်းဘူး။
● စိတ်တိုတိုလာတယ်။
● ဒေါသ အကြီးအကျယ် ထွက်တတ်တယ်။
ဒစ်ဂျယ်တယ်ပစ္စည်း စွဲလမ်းမှုနဲ့ အင်တာနက် စွဲလမ်းမှုဟာ လူသားတွေကို အကြီးအကျယ် တိုက်စစ်ဆင်နေပါတယ်။ စွဲလမ်းမှုကို မရရှိတဲ့အခါ တစ်ခုခု လိုအပ်နေသလို ခန္ဓာကိုယ်မှာ အပြောင်းအလဲတွေ တက်လာတာ ဖြစ်ပါတယ်။
ဒီလိုအပြောင်းအလဲတွေဟာ ဘိန်းစွဲတာ၊ မူးယစ်ဆေးစွဲတာ၊ အရက်စွဲတာတွေလိုထိ ဆိုးဝါးနိုင်ပါကြောင်း ကျွမ်းကျင်သူတွေက ထောက်ပြထားပါတယ်။
ဒီတော့ စွဲလမ်းမှုမဖြစ်ရအောင် -
● အင်တာနက်အသုံးကို ကန့်သတ်ပါ။
● နေ့စဉ် ဖုန်း၊ ကွန်ပျူတာကြည့်ချိန်ကို လျှော့ချပါ။
● မိမိရဲ့အချိန်ကို စကားပြောတာ၊ ရှုခင်းကြည့်တာ၊ စာဖတ်တာလိုမျိုးတွေနဲ့ အစားထိုးကြည့်ပါ။
အင်တာနက် ပြတ်လတ်ချိန်မှာ ဖြစ်တတ်တဲ့ စိတ်ကသိကအောက် ဖြစ်တာတွေကို ရှောင်ချင်ရင်တော့ အစကတည်းက မစွဲလမ်းအောင် ဖုန်းကြည့်ချိန်၊ အင်တာနက်သုံးချိန်ကို တတ်နိုင်သလောက် ကန့်သတ်ပြီး ထိန်းသိမ်းထားရမှာ ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း)
Credit : drmyanmar.com
